RPhyoသည် နည်းပညာနှင့်ပတ်သက်တာ မက RPhyoသိသမျှအကြောင်းအရာ များကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်.....

Monday, February 23, 2015

FPS ဂိမ်းသစ် Evolve

6:39 PM Posted by RPhyo No comments

Left 4 Dead ဂိမ်းများကို ရေးဆွဲပြီး လူကြိုက်အများဆုံး developer အဖွဲ့ တစ်ဖွဲ့ ဖြစ်လာသော Turtle Rock Studio ၏ ဂိမ်းသစ် Evovle ကို PC, PS4 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။ Single player offline ကစားနိုင်သော Evolve ဂိမ်းတွင် ကစားသူအနေဖြင့် လူသားဇာတ်ကောင်လေးယောက်နှင့် ဂြိုဟ်သားသတ္တဝါဆန်းကြီး တစ်ကောင်၏ တိုက်ပွဲတွင် အဓိကဝင်ရောက် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ Ability မျိုးစုံနှင့် class မျိုးစုံ ပါဝင်သော လူသားဇာတ်ကောင်နေရာမှ ကစားနိုင်ပြီး ဂြိုဟ်သားနေရာမှ ကစားမည်ဆိုပါကလည်း မြေပုံအတွင်းရှိ အခြားသတ္တဝါမျိုးစုံကိုစားသောက်ရင်းပိုမိုကြီးမားပြီးအစွမ်းထက်သောအသွင်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။
Evolve နှင့်အတူ နောက်ဆုံး ထွက်ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။


internetjournal.media မှကောက်နုတ်ထားပါသည်။


အဆင်ပြေကြပါစေ.......

0 comments:

Post a Comment